알림마당 Notice

HOME알림마당 Notice공지사항 Notice

တုတ်ကွေး ကာကွယ်ဆေးထိုးနှံခြင်း စာရင်းပေးရန် လမ်းညွှန်

페이지 정보

조회 992회 작성일 19.10.02

본문

 

တုတ်ကွေး ကာကွယ်ဆေးထိုးနှံခြင်း စာရင်းပေးရန် လမ်းညွှန်

ဘူဆန်ရွှေ့ပြောင်းအလုပ်သမားစင်တာနှင့် ဆာဆန်း ကျန်းမာရေးဌါနတို့ ပူးတွဲစီစဉ်သော ရွှေ့ပြောင်းအလုပ်သမားများ နှင့်

ရွှေ့ပြောင်းနေထိုင်သူများအတွက် အခမဲ့ တုတ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်းအား အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

 

ထိုးနှံနိုင်သူများ - ရွှေ့ပြောင်းအလုပ်သမား ၊ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀ ဦး (ကြိုတင်စာရင်းပေးထားသူ)

                  (အသက် ၃ နှစ်အထက်များ စာရင်းပေးသွင်းနိုင်ပါသည်)

နေရာ - ဆာဆန်းဂူ ကျန်းမာရေးဌါန

စာရင်းပေးသွင်းကာလ - ၂၀၁၉. ၁၀. ၁ ~ ၂၀၁၉. ၁၀. ၂၃

ဆေးထိုးပေးမည့်ရက် - ၂၀၁၉. ၁၀. ၂၇ (နေ့လယ် ၁ နာရီမှ ~ ၅ နာရီအထိ)

ဆေးဖိုး - အခမဲ့

စာရင်းပေးသွင်းခြင်း စုံစမ်းရန် - 051-304-4725

လိုအပ်ချက်များ - မိမိဖြစ်ကြောင်း သက်သေ (အိုင်ဒီကဒ် ၊ ပါ့စ်ပို့)

နိုင်ငံသား အသက် ၆ လမှ ၁၂ နှစ်ကြား ကလေးများ (၂၀၁၇.၁.၁ ~ ၂၀၁၉.၈.၃၁ ကြား မွေးဖွားသူ) နှင့်

    အသက် ၆၅ နှစ်အထက် လူကြီးများ နယ်မြေဆေးရုံများတွင် အခမဲ့ ဆေးထိုးနှံနိုင်ပါသည်။

 

( ဆာဆန်း ကျန်းမာရေးဌါနသို့ လမ်းညွှန် )

မြေအောက်ရထား - လိုင်းနံပါတ် ၂ ၊ ဂမ်ဂျွန်ဘူတာ (감전역) ထွက်ပေါက် ၁ မှထွက်၍ ဆာဆန်းဂူချောင်းဖက်သို့

မြို့တွင်းလိုင်းကား - ① ဆာဆန်းဂူချောင်းမှတ်တိုင်တွင်ဆင်းပါ - ကားနံပါတ် 77, 161

② အခွန်ရုံးမှတ်တိုင် (북부산세무서) - 31, 33, 59-1, 61, 62, 77, 138-1, 160, 161, 169, 186

 

지도

댓글목록

등록된 댓글이 없습니다.